Paget’s disease of the bone
16-Aug-2018ပုံမှန်လူတစ်ဦးတွင်
အရိုးဟောင်းများပျက်စီးသွားပါက အရိုးဆဲလ်အသစ်များ
ပြန်လည်အစားထိုးဝင်ရောက်လေ့ရှိသည်။ Paget’s disease ရှိသူများတွင်မူ ထိုဖြစ်စဉ်ကို
နှောက်ယှက်ခံရသောကြောင့် အရိုးများကျွတ်ဆတ်ခြင်း၊ ပုံစံပြောင်းခြင်းတို့
ဖြစ်ပေါ်တတ်သည်။ တင်ရိုးခွေ၊ ဦးခေါင်းခွံရိုး၊ ကျောရိုးနှင့် ခြေထောက်ရိုးများတွင်
အဖြစ်များသည်။
လက္ခဏာများ
·
တင်ပါးရိုးခွေတွင် ဖြစ်ပွားပါက
တင်ပါးရိုးနာကျင်ခြင်း
·
ဦးခေါင်းတွင် ဖြစ်ပွားပါက
အကြားအာရုံချို့တဲ့ခြင်း၊ ခေါင်းကိုက်ခြင်း
·
ကျောရိုးတွင် ဖြစ်ပွားပါက
အာရုံကြောများကို ဖိမိပြီး နာခြင်း၊ ကျင်ခြင်း၊ ထုံခြင်း
·
ခြေထောက်တွင် ဖြစ်ပွားပါက
ခြေထောက်များကွေးသွားခြင်း၊ ပုံပျက်သွားခြင်း၊ အရိုးနှင့်
အဆစ်များရောင်ရမ်းခြင်းတို့ကို ကြုံတွေ့ရတတ်သည်။
ဆရာဝန်နှင့် ပြသသင့်သော အချက်များ
·
အရိုးနှင့် အဆစ်များနာကျင်ခြင်း
·
ထုံကျင်ခြင်း၊ လှုပ်ရှားရာတွင်
အားနည်းခြင်း
·
အရိုးများ ပုံပျက်ခြင်းတို့
ဖြစ်ပွားပါက ဆရာဝန်နှင့် သွားရောက်ကာ စမ်းသပ်စစ်ဆေးမှုများကို ခံယူသင့်သည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
ဖြစ်ပွားရသော အကြောင်းရင်းကို တိကျစွာ
မသိရသေးပေ။ ပတ်ဝန်းကျင်နှင့် မျိုးရိုးတို့ပေါ်တွင် တည်မှီသည်ဟု ဆိုကြပြီး
ဗိုင်းရပ်စ်ပိုးများနှင့် သက်ဆိုင်သည်ဟုလည်း ယူဆကြသည်။
အဖြစ်များသူများ
·
အသက်
၄၀နှစ်အထက်ရှိသူများ
·
အမျိုးသားများ
·
အနောက်တိုင်းလူမျိုးများ
( အင်္ဂလန်၊ စကော့တလန်၊ ဥရောပ အလယ်ပိုင်းနှင် ဂရိ)
·
အလားတူ
ရောဂါ မျိုးရိုးရှိသူများတွင် အဖြစ်များသည်။
နောက်ဆက်တွဲ ပြဿနာများ
·
အရိုးများ
ကျိုးလွယ်ခြင်း၊ ပုံပျက်ပန်းပျက်ဖြစ်ခြင်း
·
အရိုးနှင့်
အဆစ်များရောင်ရမ်းခြင်း
·
နှလုံး
ကောင်းစွာ အလုပ်မလုပ်နိုင်တော့ခြင်း ( Heart Failure )
·
အရိုးကင်ဆာဖြစ်ခြင်း
တို့ကို နောက်ဆက်တွဲ ပြဿနာများအဖြစ် တွေ့ရတတ်သည်။
စစ်ဆေးမှုများ
·
ဆရာဝန်နှင့်
တိုင်ပင်ကာ စစ်ဆေးမှုများခံယူခြင်း
·
ဓာတ်မှန်ရိုက်ခြင်း
·
အရိုးဓာတ်မှန်ရိုက်ခြင်း
( Bone Scan )
·
သွေးတွင်းရှိ
Alkaline phosphatase ကို စစ်ဆေးခြင်း တို့ကို ပြုလုပ်နိုင်သည်။
ကုသခြင်း
သွေးတွင်း
Alkaline phosphatase level တက်နေပြီး အရိုးများကို ထိခိုက်နိုင်သော အခြေအနေဖြစ်နေပါက
ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးဝါးများသောက်သုံုးခြင်း၊ လိုအပ်ပါက ခွဲစိတ်ကုသခြင်းတို့ကို
ပြုလုပ်နိုင်ပါသည်။
အိမ်တွင်းကုထုံးများ
ရောဂါဖြစ်ပွားပြီး
နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်နိုင်ရန်
·
ချော်လဲပါက
အရိုးကျိုးလွယ်သဖြင့် ချော်မလဲအောင် ထိန်းသိမ်းခြင်း ( လိုအပ်ပါက တုတ်ကောက်၊ လမ်းလျှောက်အကူ
ပစ္စည်းများကို သုံးခြင်း )
·
ကယ်လ်ဆီယမ်နှင့်
ဗီတာမင် ဒီ တို့ပါဝင်သော အစာများကို စားသုံးပေးခြင်း
·
လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း
တို့ကို ပြုလုပ်ပေးနိုင်ပါသည်။
Lei
( Healthcare.com.mm )
Ref:
Mayo Clinic